တောင်ကြီးမြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အဘိုးအဘွားများအား အာဟာရကျွေးမွေးခြင်းနှင့် ဇီဝိတဒါနသံဃာ့ဆေးရုံတို့တွင် ဆေးပဒေသာပင်ထည့်ဝင်လှူဒါန်း

တောင်ကြီး ဇွန် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ မြန်မာအမျိူးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းရိုးမဘိုးဘွားရိပ်သာမှ အဘိုး အဘွားများအား အာဟာရ ကျွေးမွေးခြင်းနှင့် ဆေးပဒေသာပင်ထည့်ဝင်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၇ နာရီခွဲက  ရှမ်းရိုးမ ဘိုးဘွားရိပ်သာနှင့် ဇီဝိတဒါန သံဃာ့ဆေးရုံတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်၊ ဒုဥက္ကဋ္ဌ ဒေါ်တင်တင်လတ်၊ အတွင်းရေးမှူး ‌ဒေါ်မြတ်မြတ်ဦးနှင့် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ နာယက ဒေါ်ညိုမီစော၊ ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့်အဖွဲ့ဝင်များက ရှမ်းရိုးမဘိုးဘွားရိပ်သာအဘိုးအဘွား (၂၂) ဦးအား ရှိခိုးကန်တော့ပြီး  တစ်ဦးလျင် ငွေကျပ်(၃၀၀၀၀)၊ တဘက်ပဝါ တစ်ထည်စီလှူဒါန်းပေးအပ်ပြီး နံနက်စာ  ကြာဇံကြော်ဖြင့် တည်ခင်းဧည့်ခံအာဟာရဒါန ကျွေးမွေးခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ နာယကနှင့်အဖွဲ့ဝင်များက ဇီဝိတဒါနသံဃာ့ဆေးရုံသို့ရောက်ရှိပြီး ဆေးပဒေသာပင်အတွက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ငွေကျပ်(၅)သိန်း၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊နာယကဒေါ်ညိုမီစောမှ ငွေကျပ်(၅)သိန်း၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှငွေကျပ်(၁၀)သိန်းတို့အား လှူဒါန်းရာ ဆေးရုံအုပ် ဒေါက်တာကြည်စိုးမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

ကျော်ဇင်