ချောင်းဆုံမြို့နယ်၌ တရားဥပဒေစိုးမိုးရေးနှင့် သက်ငယ်မုဒိန်းပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ချောင်းဆုံ ဇွန် ၁၄

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ လူငယ်လူရွယ်များ ဗလငါးတန်ကြံ့ခိုင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ သက်ငယ်မုဒိန်းပပျောက်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီက (အထက- ကွမ်သဲ)ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ချောင်းဆုံမြို့မရဲစခန်းမှူး ကိုကိုမင်းထွန်းက မူးယစ်ဆေးဝါးအန္တရာယ် အကြောင်း သိကောင်းစရာများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန မုရစ်ကလေးတိုက်နယ်ဆေးရုံ ဆရာဝန်ကြီး ဒေါက်တာမိုးသန်းထိုက်အောင်က ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ်အကြောင်း သိကောင်းစရာများနှင့်မြို့နယ်ဥပဒေအရာရှိဒေါ်လှိုင်သဇင်ဦးက သက်ငယ်မုဒိန်းနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်း သိကောင်းစရာများဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦိးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာနံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများမှ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)