လှိုင်သာယာ(အနောက်ပိုင်း) ဇွန် ၁၄
ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် အထွေထွေဗဟုသုတရရှိစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးမြင့်ဇော်၊ အ.ထ.က(၁၁) ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ရွှေ၊ စာရေးဆရာဆန်းမင်းသိုက်(အရာတော်)၊ စာရေးဆရာမ ပျိုပျို(ယောဂ)၊ စာရေးဆရာမ ရွှေမြိုင်ခိုင်ဦးနှင့် ဆရာ/ဆရာမများ ကျောင်းသား / ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာအ.ထ.က (၁၁)ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ရွှေက အဖွင့်အမှာစကားပြောကြားခြင်း၊ ပြန်/ဆက်ဦးစီးအရာရှိ ဦးမြင့်ဇော်က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခြင်း၊ စာရေးဆရာဆန်းမင်းသိုက် အရာတော်မှ “စည်း”ခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောခြင်း၊ စာရေးဆရာမ ရွှေမြိုင်ခိုင်ဦးမှ “လူငယ်နှင့်မူးယစ်ဆေးဝါး”အကြောင်း အသိပညာပေးဟောပြောခြင်း၊ စာရေးဆရာမပျိုပျို(ယောဂ)မှ ယောဂအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး ယောဂပညာလက်တွေ ပြသပေးသည်။
ကျောင်းသား/ကျောင်းသူများအတွက် ဗဟုသုတရရှိစေမည့် စကားပုံဆက် ပြိုင်ပွဲပြုလုပ်ကြလျက် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)