ဇမ္ဗူသီရိမြို့နယ်၌ ငလျင်ဘေးနှင့် ရေဘေးအသိပညာပေးဟောပြောပွဲနှင့် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်

ဇမ္ဗူသီရိ ဇွန် ၁၄

ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ အနီးကပ်စီမံဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အမှတ် (၅)၊ (၆)နှင့်(၁၄)တို့၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ငလျင်ဘေးနှင့် ရေဘေးများရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ငလျင်ဘေးနှင့် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ငလျင်ဘေးနှင့် ရေဘေးကျရောက်ချိန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ မည်သို့တုံ့ပြန်ဆောင်ရွက်ရမည်ကို သိရှိထားရန်လိုအပ်သကဲ့သို့ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထို့ပြင် နေပြည်တော်ကောင်စီ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့် သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်ကြသော စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ လူမှုရေးပရဟိတအဖွဲ့များနှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန်နှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာဆောင်ရွက်နိုင်စေရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

တင့်ဖူးခိုင်(ပြန်/ဆက်)