တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

 

တံတား ဇွန် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ နံနက် (၈) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်မိုးဖြူလွင်က ယခုကျင်းပပြုလုပ်ရသောက‌ ဗျာရွတ်ဆိုပြိုင်ပွဲသည် ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါတိုက်ဖျက်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးဆွဲမှုသည် သုံးစွဲသော လူတစ်ဦးတစ်ယောက်ချင်းစီကို ထိခိုက်စေရုံသာမက ဆေးစွဲနေသူ၏ မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ တိုင်းပြည်၏ အရင်းအမြစ်များနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံးကိုပါ ထိခိုက်စေနိုင်ကြောင်း၊ သုံးစွဲသူအနေနှင့်လည်း HIV/AIDS ရောဂါကူးစက်ခံရခြင်းအပါအဝင် အခြားရောဂါပေါင်းစုံဝင်ရောက်နိုင်ပြီး လူမှုရေးကိုထိခိုက်စေသည့် ဆိုးကျိုးတွေကို ချက်ချင်းလက်ငင်း ကြုံတွေ့ခံစားရမှာဖြစ်ကာ မိသားစုရှိသောသူဖြစ်မည်ဆိုလျှင် ၎င်း၏ သားသမီးတွေမှာလည်း မိသားစုနှင့် ပတ်ဝန်းကျင်၏ ရုပ်ပိုင်းဆိုင်ရာအရဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာအရဖြစ်ဖြစ် လျစ်လျူရှုခြင်းခံရမှုတွေကြောင့် သနားဖွယ်ရာစိတ်ဒဏ်ရာများဖြင့် ကြီးပြင်းမလာရ‌စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲကို အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၈) ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခန့်စည်သူဝင်း(ပြန်/ဆက်)