သုံးခွ ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊သန်လျင်ခရိုင်၊သုံးခွမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၁နာရီက ကျောင်းသစ်ကျောင်း လောကမာရဇိန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းခန်းမ၌ ကျင်းပခဲ့ သည်။
ရှေးဦးစွာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးဦးမြရွှေက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် =ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရရှိမည့်စာပေများကို လေ့လာဖတ်ရှု့စေလိုကြောင်း၊ စာပေဖတ်ရူ့ခြင်းကြောင့် အတွေးအခေါ်များ မြင့်မားလာပြီး အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်ဖြင့် ပြည့်စုံကြွယ်ဝသည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့် မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်းကို ဟောပြောခဲ့သည်။ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းမော်က စားသုံးသူအခွင့်အရေးနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းရှိ/မရှိ အကြောင်းအရာများ၊ မြန်မာဘာသာဖြင့် ရေးသားထားသောအစားအစား များကိုစားသုံးရန်နှင့် စားသုံးသူအခွင့်အရေး (၈)ချက်အကြောင်းအရာများကိုပြောကြားခဲ့သည်။
ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သုတ၊ရသစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများကစိတ်ပါ ဝင်စားစွာလေ့လာကြည့်ရှု့ကြကြောင်းသိရသည်၊၊
စည်သူလင်း