ကော့မှူးတွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေး

ကော့မှူး ဇွန် ၁၃

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကာကွယ်‌ဆေးထိုးနှံထားသူများသည် အလွန်အမင်းဖျားနာခြင်းမှ လျော့နည်းစေသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူများဌာနဆိုင်ရာ ဝန်ထမ်းများအား ဇွန် ၁၁ ရက်နေ့ နံနက်က ရပ်ကွက်/ကျေးရွာများ၌ ထိုးနှံပေးနေကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် (၁၈) နှစ်အထက် တစ်ကြိမ်မျှဆေးမထိုးရသေးသူများ၊ အသက်(၄၀)နှစ်အထက် နာတာရှည်ရောဂါရှိသူများ၊ အသက်(၆၀)နှစ်အထက် ပြည့်သူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ကိုယ်ဝန်ဆောင်များအား ကိုဗစ်-၁၉ကာကွယ်ဆေးများဖြစ်သည့် Pfizer XBB(၁၄)လုံးအား တစ်လုံးလျှင်(၇)ဦးနှုန်း၊ Pfizer JN1(၁၈၄)လုံးအား တစ်လုံးလျှင် (၆)ဦးနှုန်းတို့ဖြင့် ရပ်ကွက်တစ်ရပ်ကွက်/ ကျေးရွာအုပ်စု(၅)အုပ်စုတို့မှ လူဦးရေ(၁၇၄)ဦးတို့အား ထိုးနှံပေးနေကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီးနောက် ပုံမှန်အခြေအနေအထားရောက်မှသာ စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးနေကြောင်း သိရသည်။

ကျော်သူရ