ကျောက်တန်း ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ သီလဝါပြည်တွင်းစက်မှုဇုန်၌ သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အသိပညာပေးဆွေးနွေးပွဲကို ဇွန်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက ကျောက်တန်းမြို့နယ်၊ သီလဝါပြည်တွင်းစက်မှုဇုန်ရှိ JK အထည်ချုပ်စက်ရုံနှင့် Max Myanmar Service Co.,Ltd ဆီသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်းတို့တွင် ပြုလုပ်ခဲ့သည်။
အဆိုပါလုပ်ငန်းခွင်အရောက် အလုပ်သမားဥပဒေပါရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေးပွဲတွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ သီလဝါအထူးစီးပွားရေးဇုန်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေမြတ်မွန်နှင့် ဦးစီးအရာရှိ ဒေါ်နုနုယဉ်တို့က အလုပ်သမားဥပဒေပါရပိုင်ခွင့်များအား သိရှိနားလည်ပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိအမြင်များ တိုးတက်လာစေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
နေလင်းကျော် (ပြန်/ဆက်)