ဒလ ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ဒလမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဓနုတ်ကားလမ်းမ၏ လမ်းဘေးဝဲယာများတွင် ယမန်နေ့ နံနက် (၈) နာရီခွဲအချိန်က ကျင်းပခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲတွင် တွံတေးခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးညွှန့်နွယ်က အဖွင့်အမှာစကားပြောကြားရာတွင် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုလျော့ချရေးနှင့် ပြန်လည်မျှတလာစေရေး၊ နိုင်ငံပိုင်သစ်တောများ ရေရှည်တည်တံရေး၊ မြို့ပြသစ်တောများနှင့် ထင်းစိုက်ခင်းများ တည်ထောင်ရေး၊ မြစ်ချောင်းနှင့် ဆည်တာတမံများ ရေရှည်ထိမ်းသိမ်းအသုံးပြုနိုင်ရေးအတွက် ရေဝေရေလဲသစ်တောများ တည်ထောင်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ အမျိုးသမီးရေးရးအဖွဲ့များ စုစုပေါင်းအင်အား ၂၀၀ ဦး တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ တွံတေးခရိုင် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးညွှန့်နွယ်မှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးမည့် သစ်ပင်များ ပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်က လက်ခံရယူခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာများသို့ မိုးရာသီတွင်စိုက်ပျိုးမည့်သစ်ပင်များအား ပေးအပ်ခဲ့ရာ အသီးသီးလက်ခံရယူခဲ့ကြသည်။
အဆိုပါမိုးရာသီသစ်ပင်စိုက်ပွဲသို့ တွံတေးခရိုင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးညွှန့်နွယ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းအာကာနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ဓနုတ်ကားလမ်းမ၏ လမ်းဘေးဝဲယာများတွင် မန်ဂျန်ရှားပျိုးပင် စုစုပေါင်း(၁၀၀၀)အား စနစ်တကျစိုက်ပျိုးခဲ့ကြပြီး တက်ရောက်လာသူများက စုပေါင်းမှတ်တမ်းတင်ဓာက်ပုံရိုက်ကူးခဲ့ကြသည်။
ခင်စန္ဒာမြင့် (ပြန်/ဆက်)