ကျောက်တန်းမြို့နယ်၌ ကိုဗစ်ကာကွယ်ဆေး(၃၂၄ )ဦး ထိုးနှံပေး

ကျောက်တန်း ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇွန် ၁၁ ရက်​နေ့ နေ့လည်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောက်တန်းမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် ကန်ပြောင်ကျေးရွာတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကန်ပြောင်ကျေးရွာမှပြည်သူ စုစုပေါင်း ၃၂၄ ဦးအားထိုးနှံပေးခဲ့ပြီး အသက် ၁၈ နှစ်ပြည့်ပြီး ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမှ ထိုးနှံခဲ့ခြင်းမရှိသူများနှင့် ကာကွယ်ဆေးထိုးနှံပြီး ခြောက်လပြည့်ပြီးသူများအား ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)