လက်ပံတန်းမြို့နယ်၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲကျင်းပ

လက်ပံတန်း ဇွန် ၁၃

ဒေသခံပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်များ၏ တန်ဖိုးကို အလေးထားသိရှိနားလည် နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့ အ.ထ.က(ကျေးနီ)ကျောင်းဝင်း၌ ယမန်နေ့ နံနက် ၈ နာရီခွဲက မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တောဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။

စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ဒေသခံပြည်သူများ အင်အား ၁၅၀က သတ်မှတ် နေရာအသီးသီးတို့၌ ကျွန်း၊ပိတောက်၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ပျဉ်းကတိုးနှင့်မဲဇလီ နှစ်ပေအထက် ပျိုးပင်ပေါင်း ၃၀၀ ပင်ကို စနစ်တကျ စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)