ရန်ကုန် ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ရန်ကုန်တိုင်းဒေကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ဇနီး၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လေးကျွန်းသူဖောင်ဒေးရှင်းမှ တာဝန်ရှိသူများပါဝင်သောအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက လှိုင်သာယာရှိ ထိန်ပင်အမှိုက်ပုံသို့ လေ့လာကြပြီး စည်ပင်မှ အမှိုက်အမျိုးအစားခွဲခြားခြင်းနှင့် အမှိုက်ပုံအရောင်သတ်မှတ်ခြင်းများအကြောင်း ရှင်းလင်းတင်ပြပါသည်။ ထို့နောက် တောင်ဒဂုံရှိ လဂွန်းပြင်ရေသန့်စင်စက်ရုံသို့ သွားရောက်လေ့လေ့လာခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဌာနမှူး ဦးမြင့်ဇော်သန်းက ဌာန၏လုပ်ငန်းများအကြောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များသည် လဂွန်းပြင်ရေသန့်စက်ရုံအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။ အဆိုပါရေသန့်စက်ရုံသည် ဒဂုံမြို့သစ်မြို့နယ်များ၊ သာကေတ၊ ဒေါပုံမြို့နယ်နှင့် သီလဝါအထူးစီးပွားရေးဇုန်တို့ကို ရေပေးဝေရန် တည်ဆောက်ထားခြင်းဖြစ်သည်။ တစ်ရက်ကို ရေဂါလန်သန်း (၄၀) ရေသန့်စင်ပေးပို့နိုင်ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)