အေးသာစံ ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဝင်းအတွင်းရှိ သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်ချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အားသစ်မာန်ကုမ္ပဏီ၊ ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှစုပေါင်းသွေးလှူဒါန်းခဲ့ရာ အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲကို တာဝန်ခံ ဦးကောင်းမြတ်သူနှင့် ဝန်ထမ်းမိသားစုဝင်များ၊ ပါမောက္ခဒေါက်တာများ၊ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း ၈၅ ဦးခန့် တက်ရောက်ခဲ့ကြသည်။
ထို့နောက် သွေးလှူဘဏ်တာဝန်ခံရောဂါဗေဒဆရာဝန်ကြီး ပါမောက္ခဒေါက်တာ နီလာဝင်း၊ အထူးကုဆရာဝန် ဒေါက်တာစုလှိုင်ဦးတို့နှင့် ကျန်းမာရေးဝန်ထမ်းများမှ သွေးလှူရှင် ၄၅ ဦးအား လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်၍ သွေးဖောက်လက်ခံရယူကာ သွေးလှူရှင်များကို အားဆေး၊ အာဟာရဖြည့်စွက်စာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရပါသည်။
ချမ်းမြေ့မောင်