ပင်းတယမြို့ (Community Centre) ခန်းမ၌ (Youth Club) ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

ပင်းတယ ဇွန် ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)၊ Community Centre ခန်းမ၌ ယမန်နေ့က Youth Club ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား‌ပေးသည်။

ထို့နောက်  Youth Club ဝင်များက စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “အောင်မြင်ခြင်းရဲ့ အုတ်မြစ်” စာအုပ်ပါအကြောင်းအရာများ အနက်မှ “ပညာကိုမြတ်နိုးတတ်သော”၊ “ပညာအကျင့်”၊“ လမ်းမှန်သိမြင်”၊ “အောင်မြင်ခြင်းရဲ့ အုတ်မြစ်” ၊ “ပညာနဲ့ မိမိ” အကြောင်းအရာများကို ဖတ်ရှုခဲ့ကြကာ Youth Club ဝင်များက အဆိုပါစာအုပ်တွင်ပါဝင်သည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ယခုစာအုပ်သည် လူငယ်လူရွယ်များ ဖတ်ရှုလေ့လာသင့်သည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)