ရွှေပြည်သာ ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ လူငယ်လူရွယ်များ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်မားစေရန်ရည်ရွယ်၍ နယ်လှည့်အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းတည့်(၁၂)နာရီက ရွှေပြည်သာမြို့နယ် မြို့ဦးထန်းတပင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပသည်။
နယ်လှည့်အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခဲ့ပြီး ရွှေပြည်သာမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်ဆွေ မရည်မွန်(ကျုံပျော်)က စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေးခဲ့ပြီး အသိပညာပေးစာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း (ပြန်/ဆက်)