ကျိုင်းတုံ ဇွန် ၁၃
ငလျင်ဘေးဒဏ်ခံရသည့် မြို့နယ်များ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်မှ အလှူငွေများ ထည့်ဝင်လှူဒါန်းသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဂုဏ်ပြုမှတ်တမ်လွှာပေးအပ်ပွဲတွင် ကျိုင်းတုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အလှူရှင်များအား ကျေးဇူးတင်ဂုဏ်ပြုအမှာစကားပြောကြားပြီး ငလျင်ဘေးဒဏ်ခံရသည့် မြို့နယ်များ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေး/ဘာသာရေး အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်ပြည်သူများမှ အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့မှုအပေါ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တောင်ကြီးမြို့မှ ပေးပို့လာသည့် ဂုဏ်ပြုမှတ်တမ်းလွှာများအား အလှူရှင်များထံပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)