ခိုလမ်မြို့တွင် ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ခိုလမ် ဇွန် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရ​သည်။

ရှေးဦးစွာ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးမှ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မိမိတို့ ဌာန၊မြို့ရွာများအတွင်း သန့်ရှင်းသာယာလှပရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ ပညာရေးနှင့်ဒေသဖွံ့ဖြိုးရေးကဏ္ဍလိုအပ်ချက်များကို အလေးထားလုပ်ဆောင် သွားကြရန်နှင့် ပူးပေါင်းပါဝင်ရန် ပြောကြားခဲ့ပြီး၊ နောင်ဟင်းငေးကန် သန့်ရှင်းရေး၊ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးလွှတ်ပွဲပြုလုပ်မည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ခိုလမ်(ပြန်/ဆက်)