ကာလိ ဇွန် ၁၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် ရှောင်လေဝေးဝေးမူးယစ်ဆေး ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကာလိမြို့ရုံးမှ ဒုတိယဦးစီးမှူး ဦးစည်သူအောင်နှင့် အငယ်တန်းစာရေး ဒေါ်ခင်မြင့်ဦးတို့က မူးယစ်ဆေးဝါး ဆိုသည်မှာ၊ အဆင့်ဆင့်ပြောင်းလဲလာသော မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်း အရင်းများ၊ မူးယစ်ဆေးသုံးစွဲသူ၏ သွင်ပြင်လက္ခဏာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ စသည့် မူးယစ်ဆေးဝါးအန္တရာယ်များကို ပြည်သူများ သိရှိနိုင်စေရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
ကာလိ(ပြန်/ဆက်)