မိုင်းစံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile library စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

မိုင်းစံ ဇွန် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းအား ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်၊၊

ယင်းသို့ စာအုပ်/စာစောင်များ ငှားရမ်းပေးရာတွင် စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ စာပေဖတ်ရှုနိုင်ရန်ရည်ရွယ်၍ သုတ/ရသ စာအုပ် စာစောင်များ ငှားရမ်းပေးပြီး အပတ်စဥ်စာအုပ်အသစ်များ သွားရောက် လဲလှယ်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်၊၊

မိုင်းစံ(ပြန်/ဆက်)