လင်းခေး ဇွန် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် ဦးစီးမှူးသည် ဝန်ထမ်းများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက အများပြည်သူလူစည်ကားသည့် နေရာများနှင့် စာသင်ကျောင်းများသို့ သွားရောက်ကာ ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီက ထုတ်ဝေသည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “ချယ်ရီမြေ” လက်ကမ်းစာစောင်အား ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ကလေးလူငယ်များနှင့်စပ်လျဥ်းသည့် အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဌာန်းချက်များ စသည့် အသိပညာပေးဆိုင်ရာ အချက်အ လက်များ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)