မိုင်းနောင် ဇွန် ၁၃
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းနောင်မြို့တွင် ၂၀၂၅ ခုနှစ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို သမိုင်းဝင်နန်းခမ်းပဲ စေတီတော်တွင် ယနေ့ နံနက်(၈)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဦးစီး (ပထမတန်း)ဒုတိယ ဗိုလ်မှူးကြီး နိုင်ဝေအောင်မှ ရှမ်းစာပေယဥ်ကျေးမှုအသင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းတို့သည် နမ့်ခုံးပရဟိတ အသင်းခွဲသို့လည်းကောင်း၊ ရှမ်းစာပေယဥ်ကျေးမှုအသင်းမှ ဦးမြင့်လွင်၊ ပညာရေးဌာနမှ ဆရာမ ဒေါ်အေးမွန်မွန်ဇင်၊ နမ့်ခုံးရှမ်းများ ပရဟိတအသင်းမှ ဦးဇော်မင်းတို့အား ပျိုးပင်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အခမ်းအနား တက်ရောက်လာကြသော အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ စစ်ဦးစီး(ပထမတန်း)ဒုတိယ ဗိုလ်မှူးကြီး နိုင်ဝေအောင်နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ အင်အား (၁၂၀) ဦးက ၂၀၂၅ ခုနှစ် (မိုးရာသီ) လူထု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးသောက်(မိုင်းနောင်)