မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မိုင်းရှူး ဇွန် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၈) နာရီခွဲအချိန်က လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်က လူကုန်ကူးမှု အမျိုးအစား၊ လူကုန်ကူးခံရသည့် အကြောင်းတရားများ၊ လူကုန်ကူးခံရသူများနှင့် နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်း ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ဆရာ၊ ဆရာမများနှင့် Grade-6 မှ Grade-12 ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။သန်းလူ(ပြန်/ဆက်)