မက်မန်းမြို့နယ်တွင် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

မက်မန်း ဇွန် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီမှ တာဝန်ခံထုတ်ဝေသည့် ချယ်ရီမြေ သတင်းစကား လက်ကမ်းစာစောင်ကို မက်မန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် အတွင်းရေးမှူး ရဲမှူးညွန့်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးနှင့် အဖွဲ့ဝင်များ၊  အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၊ မြို့ပေါ်ရပ်ကွက်များနှင့် လူစည်းကားရာနေရာများတွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီမှ တာဝန်ခံထုတ်ဝေသည့် ချယ်ရီမြေ အတွဲ(၁)၊ အမှတ်(၁) သတင်းစကားလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားဝိုင်းဝန်းကူညီစောင့်ရှောက်ပေး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဠာန်းချက်များ၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ အပြည်ပြည်ဆိုင်ရာပြဠာန်းချက်များ၊ စာရေးသူ မြနှင်းသုန်၏ “သင့်ကြောင့်” ကဗျာ၊ “တိုးတက်မှုများထင်ရှားလည်း ပိုမိုဆောင်ရွက်ဖို့ ကြိုးပမ်းမှု အရှိန်အဟုန်မြှင့်တင်စို့”ဆောင်ပုဒ်နှင့် ကာတွန်းများပါဝင်ကြောင်း သိရသည်။

အေဇက်ထွန်း(မက်မန်း)