မိတ္ထီလာ ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၂၅ - ၂ဝ၂၆ ဘဏ္ဍာရေးနှစ် ခရိုင်အတွင်းရှိ ဝန်ထမ်းများစွမ်းဆောင်ရည်တိုးတက်စေရန်ဖွင့်လှစ်သည့် Project Management သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က အဆိုပါဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်မြင့်ဝင်းနှင့် သင်တန်းနည်းပြ ဦးဇော်မင်းစိုးတို့က သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထိုနောက် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါသင်တန်းအား ဇွန်လ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး မိတ္ထီလာ၊ မလှိုင်၊ သာစည်နှင့် ဝမ်းတွင်းမြို့နယ်များရှိ အဆိုပါဦးစီးဌာနရုံးများမှ သင်တန်းသား သင်တန်းသူ ၈ ဦးတက် ရောက်ခဲ့သည်။ အဆိုပါသင်တန်းဖွင့်လှစ်ပို့ချခြင်းကြောင့် ဝန်ထမ်းများ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန် သော အလေ့အကျင့်ကောင်းများရရှိပြီး ဌာနလုပ်ငန်းများ (SMART DRD) အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ