ခိုလမ်မြို့တွင် လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်း စစ်ဆေးခြင်းများ ဆောင်ရွက်

ခိုလမ် ဇွန် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ လျှပ်စစ်အင်ဂျင်နီယာရုံးမှ ပြည်သူများ လျှပ်စစ်မီတာသုံးစွဲရာတွင် အဆင်ပြေစေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် လျှပ်စစ်ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းစစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ဆန်း၊ ဦးဆောင်မှုဖြင့် လျှပ်စစ်ဝန်ထမ်းများမှ ၁၁/၀.၄ ကေဗွီဓာတ်အားခွဲရုံတွင် Earthing  စစ်ဆေးခြင်း၊ Bolt & Nuts များ စစ်ဆေးချန်ညှိခြင်း၊ ကြွေသီးများ သန့်ရှင်းရေးဆောင်ရွက်ခဲ့ပြီး ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသော ၁၁ ကေဗွီမြို့တွင်းဖီဒါ၊ ရလခ (၁) ဖီဒါနှင့် ရလခ (၂) ဖီဒါတစ်လျှောက် ဓာတ်အားလိုင်းနှင့် လွတ်ကင်းမှုမရှိသော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လိုအပ်သည့် စစ်ဆေးပြုပြင်မှုများကို  ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခိုလမ်(ပြန်/ဆက်)