မိုင်းနောင်မြို့ အ.ထ.ကကျောင်း၏ ကျောင်းကောင်စီအမှုဆောင်အဖွဲ့ ကတိသစ္စာခံယူပွဲ အခမ်းအနားပြုလုပ်

မိုင်းနောင် ဇွန် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းကောင်စီ အမှုဆောင်အဖွဲ့ ကတိသစ္စာခံယူပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီအမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနားကို အစီအစဥ်(၇)ရပ်ဖြင့် ပြုလုပ်ကာ ကျောင်းကောင်စီအသင်းဥက္ကဋ္ဌ ဦးဇော်မြင့်သိန်းနှင့် ကျောင်းကောင်စီအတွင်းရေးမှူး (Grade-12) ကျောင်းသား မောင်ခန့်သူအောင်၊ တွဲဖက်အတွင်းရေးမှူး (Grade-10) ကျောင်းသားစိုင်းကွမ်လောဝ် တို့ကဦးဆောင်ကာ ကျောင်းကောင်စီအသင်း ဥက္ကဋ္ဌမှ အမှာစကားပြောကြားခြင်း၊ နိုင်ငံတော်အလံအလေးပြုခြင်း၊ အသင်းအလံများပေးအပ်ခြင်း၊ ကတိသစ္စာခံယူခြင်း၊ ကျောင်းကောင်စီသီချင်းသီဆိုခြင်းတို့ ဆောင်ရွက်ကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းကောင်စီအမှုဆောင်အဖွဲ့ကို ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ (၁၄) ဦးနှင့် သူငယ်တန်းမှ ဒဿမတန်းအထိ အသင်းခေါင်းဆောင်များ (၆၇) ဦးဖြင့် ပါဝင်ဖွဲ့စည်းကာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးသောက်(မိုင်းနောင်)