မဟာအောင်မြေမြို့နယ်၌ ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေး

မန္တလေး  ဇွန် ၁၃

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်ကျောင်းတိုက်အတွင်း သီတင်းသုံးတော်မူလျက်ရှိသည့် ဆရာတော်၊ သံဃာတော်များနှင့် မန္တလေးတက္ကသိုလ်ကျောင်းရှိ ဝန်ထမ်းများအား ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်ကာကွယ်ဆေးများ သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရလျှင် ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံး နိုင်ခြေမြင့်မားသည့် အသက် (၆၀)အထက် အသက်အရွယ်ကြီးသူများ၊ ဆီးချိုရောဂါ၊ နာတာရှည် အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်ကာလ သုံးလနှင့်အထက် ကိုယ်ဝန်ဆောင်မိခင်များသည် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှု ခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားကြောင်းသိရပြီး မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်မှုများ ပြန်လည်ဖြစ်ပွားလာချိန်၌ အများပြည်သူအတွက် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို ပြည်သူ့ကျန်းမာရေးဌာနများတွင် ထိုးနှံပေးသွားမည်ဖြစ်သည်။

အောင်ဇော်မင်း