မိုင်းနောင်မြို့ (Community Centre) တွင် ဥာဏ်ရည်မြှင့် ဂိမ်းကစားနည်း ပြိုင်ပွဲပြုလုပ်ဆောင်ရွက်

မိုင်းနောင် ဇွန် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ရုံး Community Centre တွင် သားငယ်၊ သမီးငယ်များ ကျန်းမာကြံ့ခိုင်၍ ဥာဏ်ရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ဥာဏ်ရည်မြှင့်ဂိမ်းကစားနည်း ပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများသည် မူကြိုသားငယ်၊ သမီးများ အားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာကြံ့ခိုင်၍ ဥာဏ်ရည်များ မြှင့်မားစေရေး၊ လူမှုပတ်ဝန်းကျင်အတွင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နေထိုင် တတ်စေရေးတို့အတွက် ရည်ရွယ်ကာဥာဏ်ရည်မြှင့် ဂိမ်းကစားနည်းပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥာဏ်ရည်မြှင့်ဂိမ်းကစားနည်း ပြိုင်ပွဲသို့ မေတ္တာရှင် မူကြိုမှတာဝန်ခံ ဆရာမကြီးနှင့် ဆရာမများ၊ အလှူရှင်များ ကတက်ရောက်ခဲ့ပြီး မူကြိုသားငယ်၊ သမီးငယ်(၃၅)ဦးတို့က ဥာဏ်မြှင့်ဂိမ်းကစားနည်း(၂)မျိုးဖြင့် ဝင်ရောက်ယှဥ်ပြိုင်ကာ ဆုရရှိသူသားငယ်၊ သမီးငယ်များအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)