ကျောက်ဆည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုနိုင်ရေး စာဖြေဌာနများ ပြင်ဆင်ဆောင်ရွက်ထားရှိ

ကျောက်ဆည် ဇွန် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပမည်ဖြစ်ရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပြန်လည်ဖြေဆိုနိုင်ရေး စာမေးပွဲဖြေဆိုမည့် စာဖြေဌာနများ ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ထိုသို့ ပြင်ဆင်ဆောင်ရွက်ထားရှိရာတွင် ကျောင်းသား/ကျောင်းသူများ  သက်ဆိုင်ရာစာဖြေဌာနအလိုက် စားမေးပွဲဖြေဆိုနေစဉ်  ငလျင်လှုပ်ခတ်ခြင်းကဲ့သို့ အရေးပေါ်အခြေအနေများဖြစ်ပေါ်ပါက  လွယ်ကူလျင်မြန်စွာ ဝင်/ထွက်သွားလာနိုင်ရန် အပိတ်အဆို့အတားအစီးမရှိအောင် ရှင်းလင်းခြင်း၊  အရေးပေါ် နေမကောင်းဖြစ်ပါက ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးပေးခန်းနှင့် (Hall) ခန်းများ ထားရှိခြင်း၊ လျှပ်စစ်မီးလုံးဝပြတ်တောက်မှုမရှိစေရေး၊ မီးဘေးလုံခြုံရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့ကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဆက်သွယ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်ကျင်းပမည်ဖြစ်ရာ ကျောင်းသား/သူများ အဆင်ပြေစွာဖြေဆိုနိုင်စေရေး အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၃)၊ မင်းစုနှင့် သံရွာအခြေခံပညာအထက်တန်းကျောင်းများတွင် စာဖြေဌာန (၅) ခု ဆောင်ရွက်ထားရှိပြီး  တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၅ ခုနှစ် ဇွန်လ (၁၆) ရက်နေ့မှ (၂၂)ရက်နေ့ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ပိုင်ပိုင်ကျော်