လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ် (၃၀) ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်း

တောင်ကြီး ဇွန် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၌ ယမန်နေ့ နံနက် ၉ နာရီက လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ် (၃၀) ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းသွေးလှူရှင်များကို အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ ရောဂဗေဒ အထူးကုဆရာဝန်ကြီး ဒေါက်တာ သက်ထားဆွေနှင့် ဆရာ၊ ဆရာမများက သွေးပေါင်ချိန်ခြင်း၊ သွေးစစ်ဆေးခြင်းနှင့် သွေးဖောက်ခြင်းများကို ဆောင်ရွက်ပေးပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ရှမ်းပြည်နယ် ကျန်းမာရေးနှင့်ကုသေရးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ဝင်းနိုင်၊ တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာ မောင်မောင်သိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ် ဦးစီးမှူး ဦးဇော်မြင့်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးကာ သွေးလှူရှင်များကို အာဟာရ အစားစာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ သွေးလှူရှင်များမှ လှူဒါန်းထားသော သွေးအိတ် ၂၁ အိတ်အား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မြင့်ပေးအပ် လှူဒါန်းရာ တောင်ကြီးမြို့၊အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ မောင်မောင်သိန်းက လက်ခံရယူပြီး တောင်ကြီးမြို့၊အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ မောင်မောင်သိန်းမှ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ် (၃၀) ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးသို့ စေတနာ၊ သဒ္ဓါထက်သန်စွာ စုပေါင်းသွေးလှူဒါန်းပေးသည့်အတွက် ဆေးရုံကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မြင့်က လက်ခံရယူခဲ့ကြောင်း သိရသည်။

မင်းသန့်(ပြန်/ဆက်)