အမရပူရ ဇွန် ၁၃
အမရပူရခရိုင်၊ အမရပူရမြို့နယ် ကျန်တန်းရပ်ကွက် တံတားလယ်ရပ်ရှိ စစ်ကိုင်း-မန္တလေးသွားလမ်းမကြီးသည် မန္တလေးငလျင်နှင့် မိုးရေချိန်များမှုကြောင့် လမ်းများ ပျက်စီးနေမှုကို ပြုပြင်ဆောင်ရွက်လျက်ရှိသည့် နေရာနှင့် ဇွန်လ ၁၀ ရက်က ရွာသွန်းခဲ့သည့် မိုးရေချိန်ကြောင့် မှန်တန်းရပ်၊ အေးဇရပ်ရပ်ကွက်ထိပ်ရှိ စစ်ကိုင်း-မန္တလေးလမ်းပေါ်ရှိ ကျုံးကူရေးဆိုးထုတ် ပြွန်ပြိုကျပျက်စီးလုနီးပါး ဖြစ်နေ၍ ပြန်လည်ပြုပြင်နေသည့် နေရာများသို့ ဇွန်လ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်တေဇ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးစည်ပင်မှ ဒုတိယဌာနမှူး ဦးရဲကျော်စွာ၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ထွန်းတို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
စိုးသီဟ(အမရ)