တောင်ကြီး ဇွန် ၁၃
ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက တောင်ကြီးမြို့၊ မြို့မစျေးမြောက်ဘက်ဆိုင်ကယ်ရပ်နားသည့်နေရာတွင် ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်၊ ရှမ်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်လုပ်ငန်းကော်မတီ (၈) ရပ်တွင်ပါဝင်သော ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်ရှေ့တွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများက လမ်းမကြီးပေါ်တွင် သွားလာလျက်ရှိသော ပြည်သူများအား ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ထုတ်ဝေသည့် ချယ်ရီမြေ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်၍ မြို့မစျေးရှေ့ရှိ လူစည်းကာရာနေရာနှင့် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲကျင်းပသည့် ရှမ်းပြည်နယ် လေ့ကျင့်ရေး အားကစားရုံတွင်လည်း ချယ်ရီမြေ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရ သည်။
စိုင်းသန်းကျော်(တောင်ကြီး)