အမရပူရ ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ မြို့နယ်အတွင်း ပြည်သူများအား စားသုံးဆီအရောင်းဆိုင်များမှ သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချမှုရှိမရှိကို ယမန်နေ့ ညနေ ၂ နာရီခွဲအချိန်က နတ်ရေကန်ကျေးရွာ၊ မြစ်လောင်းကျေးရွာနှင့် စာတိုးမြို့ပြင်ကြီးကျေးရွာတို့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းတိုးဝင်း၊ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့ရဲမှူးတင့်နိုင်၊ အမရပူရမြို့နယ်စည်ပင်မှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးလွင်၊ စားသုံးသူရေးရာဦးစီးဌာနမှ အမရပူရတာဝန်ခံ ဒေါ်အိအိထွေးနှင့် သက်ဆိုက်ရာ အုပ်ချုပ်ရေးမှူးများက စားသုံးဆီအရောင်းဆိုင်များသို့ စားသုံးဆီစျေးများ သတ်မှတ်စျေးဖြင့် ရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)