တံတားဦး ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမတွင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ ထိုးနှံဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ ဝန်ထမ်းများက အသက် (၁၈)နှစ် ပြည့်ပြီး ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ ထိုးနှံခဲ့ခြင်းမရှိသူများ၊ အကြိမ်ရေ မပြည့်သေး သူများနှင့် ထပ်ဆောင်းထိုးနှံသူများ၊ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီး ခြောက်လပြည့်ပြီးသူများအား လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးကြပြီး Pfizer COVID-19 JN – 1(Grey Cap)ကာကွယ်ဆေး ထိုးပေးလျက်ရှိကြသည်။
တံတားဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာမှ သိရသည်။
ရဲတင့်( ပြန်/ဆက်)