မုဒုံမြို့၌ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်ပိုစတာပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ

မုဒုံ ဇွန် ၁၃

မွန်ပြည်နယ်၊မုဒုံမြို့နယ်တွင် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်ပိုစတာပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်ပိုစတာတွင် အလုပ်လုပ်သောကလေးများအနေဖြင့် ပညာရေးနှင့်အသက်မွေးဝမ်းကျောင်း ပညာသင်ယူရေးတိုက်တွန်းအစီအစဥ်များ၊ကလေးအလုပ်သမားများအား အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းများ၊ကလေးလုပ်သားများ၏ အကျိုးဆက်များ၊ကလေးလုပ်သားတိုက်ဖျက်ရန် အလုပ်ရှင်အဖွဲ့အစည်းများအတွက် အကြောင်းပြချက်()စသည့်အသိပညာ ပေးဆိုင်ရာများကိုပြသပေးပြီး ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြသည်။ထို့နောက် မြို့မစျေးကြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှထုတ်ဝေသည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ရာမည