ချမ်းအေးသာစံ ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းများအား ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် နှင့်အဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီတွင် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းများအား ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့်တာဝန်ရှိသူများ၊ ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး အေးလင်းထွန်း၊ တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဉီးအောင်ဆွေဉီး မဟာအောင်မြေခရိုင် ပညာရေးမှူး ဒေါက်တာသက်လှစု မြို့နယ်ပညာရေးမှူး ဒေါ်ဝါဝါကျော်၊ မန္တလေးမြို့တော်စည်ပင်မှ ဦးစီးမှူး ဦးလင်းဝင်းထွန်းတို့သည် Grade -12 စာမေးပွဲဖြေဆိုမည့် ပြင်ဆင်ထားမှုအခြေနေများအား ကြည့်ရှူခဲ့ပြီး လိုအပ်ချက်များအား ညွှန်ကြားခဲ့သည်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်ဆီးခဲ့ရသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုကျင်းပမည်ဖြစ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကာလကို ဇွန်လ ၁၆ ရက်နေ့မှ ဇွန်လ ၂၁ နေ့အထိဖြစ်ပြီး ချမ်အေးသာစံမြို့နယ်တွင် စာစစ်ဌာန ၄ နေရာတွင် သတ်မှတ်ထားရှိကာ တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၂၈) ဦးရှိကြောင်း မြို့နယ်ပညာရေးမှုးရုံးထံမှ သိရပါသည်။
ချမ်းမြေ့မောင်