သာစည်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် စာစစ်ဌာန (၅) နေရာ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေး

သာစည်  ဇွန်  ၁၃

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုကြမည့် စာစစ်ဌာန (၅) နေရာ၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အဆိုပါကျောင်းများ၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးခြင်းကို စာစစ်ဌာနပြုလုပ်မည့် ကျောင်းများဖြစ်သော အ.ထ.က (၁)၊ အ.ထ.က (မယ်ဇလီကန်)၊ အ.ထ.က (ညောင်ရမ်း)၊ အ.ထ.က (ယင်းမာပင်)၊ အ.ထ.က(ဟံဇား)တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ ဦးဆောင်၍ မြိုနယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီနှင့် ကျောင်းသားမိဘများစုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခုံစီခြင်း၊ လျှပ်စစ်မီးများပြင်ဆင်ခြင်း၊ သောက်သုံးရေးနှင့်အခြားလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)