မိတ္ထီလာ ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ဓာတ်အားဖြန့်ဖြူးစနစ် ပိုမိုကောင်းမွန်စေရေးနှင့် ဓာတ်အားလေလွင့်ပျောက်ဆုံးမှု လျော့နည်းစေရေး ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မိတ္ထီလာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးရဲလင်းကိုကို ဦးဆောင်သောအဖွဲ့သည် မိတ္ထီလာမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးစနစ် ပိုမိုကောင်းမွန်စေရေး၊ ဓာတ်အားလေလွင့်ပျောက် ဆုံးမှုလျော့နည်းစေရေး၊ တရားမဝင်ဓာတ်အားသုံးဆွဲမှုမရှိစေရေးအတွက် ပုဂ္ဂလိကကိုယ်ပိုင်ထရန်စဖော်များ၏ ဓာတ်အားသုံးစွဲမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံး မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမင်းကိုထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)