ကွမ်းခြံကုန်းမြို့နယ် စာဖတ်ရှိန်မြင့်တင်ရေး နယ်လည့်စာကြည့်တိုက်၊ ‌ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ကွမ်းခြံကုန်း ဇွန် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက တော်ပုလဲရပ်ကွက်၊ အ.မ.ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦထိန်လင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ စာဖတ်သည့်အလေ့အထ ဖြစ်ပေါ်လာစေရန်နှင့် ဘောဂဗလ၊ ကာယဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊ စာရိတ္တဗလ စသည့် ဗလငါးတန်ပြည့်ဝသည့် လူငယ်များဖြစ်လာစေရန်နှင့် စာပေသည် မကောင်းမြစ်တာ ကောင်းရာညွှန်ပြနိုင်ကြောင်း၊ စာပေဟူသည်ကား လူမျိုး၏အသက်ပင်ဖြစ်ကြောင်း၊ စာပေပျောက်ကွယ်လျှင် လူမျိုးလည်း ပျောက်ကွယ်သွားတတ်ကြောင်း၊ ရေမြင့်လျှင်ကြာတင့်ဆိုသကဲ့သို့ စာပေမြင့်လျှင် လူမျိုးလည်းတင့်တယ်နိုင်ပေကြောင်း စာပေကနိုင်ငံနှင့်လူမျိုးတို့၏ ယဉ်ကျေးမှုအဆင့်အတန်းကို ဖော်ညွှန်းပြဆိုသော စံပြအညွှန်းလည်းဖြစ်ကြောင်း၊ စာပေအရာ၌ ထူးချွန်ကြသူအပေါင်းသည် နိုင်ငံဂုဏ်ရောင်ကို ထွန်းပြောင်စေသည်သာဖြစ်ကြောင်း ဟောပြောခဲ့ပါသည်။

ထို့နောက် ကျောင်းသူ/သားများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များအား စိတ်ဝင်းစားစွာ ဖတ်ရူလေ့လာခြင်းနှင့် ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်‌ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)