အင်းစိန်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

အင်းစိန် ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန်လ ၉ ရက်နေ့နံနက်ပိုင်းက စဥ်ငူရပ်ကွက်အတွင်းရှိလူနေအိမ်တို့တွင် ကျန်းမာရေးဌာနခွဲက စုပေါင်း၍ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ရပ်ကွက်၊ကျေးရွာအလိုက်  ပြည်သူလူထုပူးပေါင်းပါဝင်ပြီး လိုက်နာဆောင်ရွက်နိုင်ရန်နှင့် ကျောင်းပတ်ဝန်းကျင်အနီး သန့်ရှင်းသာယာလှပရေးနှင့် ဖုံး၊သွန်၊လဲ၊စစ်ဆောင်ရွက်ခြင်း၊ရေကန်များတွင် အဘိတ်ဆေးခတ်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာနွယ်အိလှိုင်နှင့် ဆရာ၊ဆရာမများ၊ကြက်ခြေနီတပ်ဖွဲ့၀င်များ၊မီးသတ်တပ်ဖွဲ့၀င်များ၊ရပ်ရွာ‌နေပြည်သူများနှင့်တာ၀န်ရှိသူ များ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်များ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၀င်တို့က ပူးပေါင်း၍ ရပ်ကွက်အတွင်းနေအိမ်များရှိ သောက်သုံးရေကန်များ၊ရေစည်၊ ရေအိုးများအား အဘိတ်ဆေးခတ်ခြင်း၊ခြင်ပေါက်ဖွားမှုမရှိစေရေး ဖုံး၊သွန်၊လဲ၊စစ်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထွန်းလင်းကျော်