လှည်းကူးမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

လှည်းကူး ဇွန် ၁၃  

ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးခရိုင်၊လှည်းကူးမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်၍ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊အခြေခံပညာကျောင်းများနှင့် ရပ်ကွက်အတွင်းရှိ လူနေအိမ်များတို့တွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လှည်းကူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းဆောင်ရွက်ခြင်းအဘိတ်ဆေးခပ်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို မြို့နယ်အတွင်းလူထုလှုပ်ရှားမှုဖြင့် အရှိန်အဟုန်မြှင့် ဆောင် ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူကျန်းမာရေးဦးဌာနမှ ဝန်ထမ်းများ၊လူမှုရေး အသင်းအဖွဲ့များ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ဆရာ၊ဆရာမများနှင့် ပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်၊၊

အေးအေးနွဲ့