လှည်းကူးမြို့နယ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

လှည်းကူး ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးခရိုင်၊လှည်းကူးမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊လူငယ်လူရွယ်များ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်၊အုန်းနှဲကုန်းကျေးရွာ၊ ပညာ့အလင်းစာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးနွဲ့က အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကိုဟောပြောခဲ့ပြီး ပညာ့အလင်းစာကြည့်တိုက်ကော်မတီ နယက ဦးဇော်မင်းနိုင်က စာဖတ်ခြင်း​​​ အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။

ထို့နောက် ပြန်ကြားရေးဦးစီးဌာနက အသိပညာဗဟုသုတများရရှိစေရန်ပြသထားသော ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အ ကြောင်း သိကောင်းစရာများကို ပြသထားရာ စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့