မင်္ဂလာဒုံမြို့နယ်တွင် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မင်္ဂလာဒုံ ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံခရိုင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးမြတ်ဖြိုးနှင့် ဝန်ထမ်းများက ၂၀၂၅ ခုနှစ်၊ဇွန်လ ၁၂ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေးဆွေးနွေးပွဲကို မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံ၊အလုပ်ရုံ(၃)ရုံ၌ ယမန်နေ့ နံနက်ပိုင်းမှစ၍ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်္ဂလာဒုံခရိုင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးမြတ်ဖြိုးနှင့် ဦးစီးအရာ ရှိ(အလုပ်သမားဥပဒေစစ်ဆေးရေး)ဦးမြတ်ထွဋ်ဦးတို့က ကလေးအလုပ်သမားအဓိပ္ပာယ်၊အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းအဓိပ္ပာယ်၊ကလေးအလုပ်သမား ဖြစ်ပေါ်စေသည့်အကြောင်းအရားများ၊ မူဝါဒနှင့်ဥပဒေအကြောင်းအရာများ၊ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု  အခြေအနေများကို မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စက်ရုံ၊အလုပ်ရုံ(၃)ရုံ၌ အသိပညာဆွေးနွေးခဲ့ရာ စက်ရုံမှတာဝန်ရှိသူများက သိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ စက်ရုံ၊အလုပ်ရုံများမှ အလုပ်သမား(၁၀၇)ဦးတက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ မင်္ဂလာဒုံခရိုင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးမြတ်ဖြိုးနှင့်ဝန်ထမ်းများက ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်‌ပေးခဲ့ပြီး အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းသိန်းထွန်း