ကျောက်ဆည် ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့နေပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေး စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများထားရှိမှု ရှိ/မရှိကို ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦးနှင့် မီးသတ် တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ အဆင်သင့်ပြင်ဆင်ထားရှိရေး၊ မီးသတ်ဆေးဘူများ အသုံးပြုမှု၊ မီးသတ်ရေကန် များရေအပြည့်ထားရှိစေရေး၊ စက်သုံးဆီသိုလှောင်ကန်များ မီးဘေးအန္တရာယ်မဖြစ်ပွားအောင် တည်ဆောက်ထားရှိမှု၊ ဆီအမျိုးအစားပမာဏနှင့် မီးဘေးလုံခြုံရေးပစ္စည်းများ အဆင်သင့်ထားရှိမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေးနှင့် မီးဘေးသတိ အမြဲရှိနေစေရေးတို့အတွက် မီးဘေးသတိပေးချက်များအား မြို့နယ်အတွင်း လှည့်လည်အသိပေးနှိုးဆော်ခြင်းများ၊ စက်သုံးဆီအရောင်းဆိုင်များနှင့်ဈေးဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလိုက်လံစစ်ဆေးခြင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်