တံတားဦးမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်

တံတားဦး ဇွန် ၁၃

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ရေဘေးအန္တရာယ်ကျရောက်လာပါက  အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရေဘေးကယ်ဆယ်ရေး ကြိုတင်ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ကြကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သူအောင်နှင့်ဝန်ထမ်းဦးဆောင်ပြီး ရေဘေးအန္တရာယ်ကျရောက်လာပါက အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုအခါ မြစ်ရေများသည် နေ့စဉ်မြင့်တက်နေသည့်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

တားဦးမြို့နယ်အနေဖြင့် ဧရာဝတီမြစ်နှင့် ဒုဌဝတီ မြစ်ကမ်းတစ်‌လျှောက်ရှိ  ကျေးရွာများဖြစ်သော မီသွေးတိုက်ကျေးရွာ၊ ဆင်ကျုံးကျေးရွာ၊ အိုးတုတ္တန်းကျေးရွာ၊ ဈေးချိုကျေးရွာ၊ မြစ်သာ ကျေးရွာနှင့် ဘလဲ့ဘကျေးရွာတို့မှ ဒေသခံပြည်သူများအား ရေဘေး၊ ကမ်းပြိုဘေး၊ အရှိသေစာ အသိပညာပေးနှိုးဆော်ခြင်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ၊ အသကယ်အင်္ကျီဝတ်ဆင်နည်းများအကြောင်းနှင့် ရေဘေးအန္တရာယ်ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ် ရေးလုပ်ငန်းများဆောင်နိုင်သည့် နည်းလမ်းများကို ကြိုတင်ဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)