တိုက်ကြီးမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး အုတ်စီရေမြောင်းပြုလုပ်ခြင်းနှင့် ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်

တိုက်ကြီး ဇွန် ၁၃             

ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့နယ် သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်စီရေမြောင်း ပြုလုပ်ခြင်းနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်-ပြည် လမ်းမကြီးတစ်လျှောက်နှင့် အိုးတန်းရပ်ကွက်၊ တောင်မြို့ပတ်လမ်းတို့၌ ဆောင်ရွက်လျက်ရှိသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့စည်ပင်သာယာနယ်နိမိတ်အတွင်း ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်-ပြည်လမ်းမကြီးတစ်လျှောက်တွင် စက်ယန္တရားဖြင့် ရေနုတ်မြောင်းအတွင်းရှိ အမှိုက် သရိုက်များ၊ဒိုက်၊နုံးများဆယ်ယူခြင်းလုပ်ငန်းဆောင်ရွက်ခြင်းနှင့် အိုးတန်းရပ်ကွက်၊တောင်မြို့ပတ်လမ်း၌ အုတ်စီရေမြောင်းပြုလုပ်ခြင်းတို့ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမျိုးထိုက်ဝင်းနှင့် တာဝန်ခံအင်ဂျင်နီယာတို့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို မှာကြားခဲ့ကြောင်းသိရသည်။

ဝတ်ရည်(ပြန်/ဆက်)