တိုက်ကြီးမြို့နယ်တွင် မိုးစပါးရေကြီးနစ်မြှုပ် ပြန်လည်စိုက်ပျိုးခဲ့မှုများအား သဘာဝဘေးအစီအမံဖြင့် ထောက်ပံ့ပေးအပ်ပွဲကျင်းပ

တိုက်ကြီး ဇွန် ၁၃          

ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရေကြီးနစ်မြှုပ်၍ ပြန်လည်စိုက်ပျိုးခဲ့သည့် တောင်သူများအား သဘာဝဘေးအစီမံဖြင့် ထောက်ပံ့ငွေပေးအပ်ပွဲကို ဇွန်လ ၁၀ ရက်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲတွင် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက မိုးစပါးရေးကြီးနစ်မြှုပ်၍ ထိခိုက်ပျက်စီးပြန်လည်စိုက်ပျိုးသော တောင်သူများအား အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုအရ ထောက်ပံ့ငွေပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရေကြီးနစ်မြှုပ် ပြန်လည်စိုက်ပျိုးခဲ့သည့် ကျေးရွာအုပ်စု(၈)အုပ်စုမှ ရပ်ကွက်/ကျေးရွာအုပ်စု စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့နှင့်တောင်သူများ လက်ဝယ်သို့ ၁ ဧကလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ၅၉၈၇ ဧကအတွက် ငွေကျပ် ၂၉၉၃၅၀၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ဝတ်ရည်(ပြန်/ဆက်)