တိုက်ကြီး ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ်အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော စာအောင်သံဃာတော်အရှင်သူမြတ်တို့အား အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းသည့်(၆၇)ကြိမ်မြောက်စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဇွန်လ ၁၀ ရက်နေ့နံနက် ၈ နာရီက တိုက်ကြီးမြို့၊ပြည်လမ်း၊အိုးတန်းရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တက်ရောက်လာသည့် ဧည့်ပရိသတ်များက တိုက်ကြီးမြို့နယ် သံဃနာယကဥက္ကဌ၊ပြည်သဒ္ဓမဇောတိကာရုံကျောင်းတိုက်၏ ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာသဒ္ဓမဇောတိကဓဇဒေါက်တာဘဒ္ဒန္တအရှင်ပညာဝံသထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသူအောင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားဖတ်ကြားသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသူအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက စာအောင်သံဃာတော်အရှင်သူမြတ်များအား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကြွရောက်တော်မူကြကုန်သော သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)