လှိုင်သာယာ(အရှေ့ပိုင်း) ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်ခရိုင်၊လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန်လ ၈ ရက်နေ့နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက် အခြေခံပညာကျောင်းများနှင့် ရပ်ကွက်အတွင်းရှိလူနေအိမ်တို့တွင် ကျန်းမာရေးဌာနခွဲကစုပေါင်း၍ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ရပ်ကွက်၊ကျေးရွာအလိုက် ပြည်သူလူထုပူးပေါင်းပါဝင်ပြီး လိုက်နာဆောင်ရွက်နိုင်ရန်နှင့် ကျောင်းပတ်ဝန်းကျင်အနီး သန့်ရှင်းသာယာလှပရေးနှင့် ဖုံး၊သွန်၊လဲ၊ စစ်ဆောင်ရွက်ခြင်း၊ရေကန်များတွင် အဘိတ်ဆေးခတ်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား ဒေသန္တရကျန်းမာရေးဦးစီးဌာနက မြို့နယ်ကျန်းမာရေးမှူးဒေါက်တာကြူကြူသင်းနှင့် ဆရာ၊ဆရာမများ၊ကြက်ခြေနီတပ်ဖွဲ့၀င်များ၊မီးသတ်တပ်ဖွဲ့၀င်များ၊ရပ်ရွာနေပြည်သူများနှင့် တာ၀န်ရှိသူများ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်များ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၀င်တို့ကပူးပေါင်း၍ အရှိန်အဟုန်မြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)