အလုံ ဇွန် ၁၃
အလုံမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက်၁၀နာရီက စောရန်ပိုင်အရှေ့ရပ်ကွက်ရှိ အ.ထ.က (၄)ကျောင်း သီရိရတနာ ခန်းမတွင်ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲကိုကိုက အဖွင့်အမှာစကားပြောခဲ့ပြီး မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိဒေါ်နန်းမေဖြူစင်၀င်းက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဆိုင်ရာဥပဒေ၊နည်းဥပဒေများအကြောင်းရှင်းလင်းဆွေးနွေးခြင်း၊မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအောင်ကျော်ကျော်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းဆွေးနွေးခြင်း၊မြို့နယ်လူမှု၀န်ထမ်းဦးစီးဌာနမှလက်ထောက်ညွှန်ကြာရေးမှူးဒေါ်မြတ်စုရည်က က လေးသူငယ်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့်ကျောင်းသား၊ကျောင်းသူများမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာ၀န်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၅၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ယောဧရာ